စာပေဌာန
အဖွင့်အမှာစကား
စာပေဌာနတွင် မြန်မာ၊အင်္ဂလိပ်၊သင်္ချာ၊ ရူပဗေဒနှင့် ဓါတုဗေဒ ဘာသာ(၅)ခုရှိပါသည်။မြန်မာစာသင်ကြားရခြင်းမှာဇာတိသွေးဇာတိမှန်တက်ကြွစေရန်နှင့်မြန်မာစာအရေးအသားတိုးတက်စေရန်ဖြစ်ပါသည်။အင်္ဂလိပ်စာသင်ကြားရခြင်းမှာ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန်ဖြစ်သည်။သင်္ချာသင်ကြားရခြင်းမှာ ကိန်းဂဏန်းများတွက်ချက်မှုမှန်ကန်စေရန်ဖြစ်သည်။ရူပဗေဒသင်ကြားရခြင်းမှာအပူလှိုင်း၊အသံ၊အလင်း၊လျှပ်စစ်၊သံလိုက်သဘောသဘာဝနှင့် ပတ်သက်သော ဗဟုသုတများကို ပိုမိုသိရှိစေရန်ဖြစ်သည်။ဓါတုဗေဒသင်ကြားရခြင်းမှာ ဒြပ်စင်တို့၏ ဂုဏ်သတ္တိနှင့်ရုပ်ဂုဏ်သတ္တိတို့ကို သိရှိနားလည်စေရန် ဓါတ်ငွေ့ဓါတ်များ၏ အရေးပါပုံနှင့် အသုံးဝင်မှုများကို သိရှိစေရန်ဖြစ်သည်။
ရည်ရွယ်ချက်
သိပ္ပံနှင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အင်ဂျင်နီယာ ကျောင်းသား/ကျောင်းသူများ အရည်အချင်းပြည့်ဝစေရန်အတွက် နည်းပညာနှင့် သက်ဆိုင်သော ဘာသာရပ်များကို သင်ကြားပို့ချပြီး အတတ်ပညာ၊ အသိပညာမျာဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသက်မွေးဝမ်းကြောင်းအတွက် ပညာရည်ပြည့်ဝ သော ထက်မြက်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။
မျှော်မှန်းချက်
စာပေဘာသာရပ်များကို သင်ကြားပေးခြင်းဖြင့် အင်ဂျင်နီယာဘာသာရပ်နှင့်ဆိုင်သော အသုံးအနှုန်းများကောင်းမွန်စွာသိရှိ၍ အသိပညာအတတ်ပညာများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး လက်တွေ့ လုပ်ငန်းများတွင် ကျွမ်းကျင်စွာအသုံးချနိုင်စေရန်။
နှစ်အလိုက်သင်ကြားရမည့်ဘာသာရပ်များ
ပထမနှစ်အတွက် သင်ကြားပို့ချနေသော ဘာသာရပ်များ
- Myanmar
- English
- Life Skills
- Applied Mathematics
- Applied Physics
- Social Science
- Applied Chemistry
ဒုတိယနှစ်အတွက် သင်ကြားပို့ချနေသော ဘာသာရပ်များ
- English
- Engineering Mathematics
တတိယနှစ်အတွက် သင်ကြားပို့ချနေသော ဘာသာရပ်များ
English
စာပေဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်စန်းယု | M.Sc(Chem) | တွဲဖက်ပါမောက္ခ |
၂ | ဒေါ်စန်းသီတာရှိန် | M.A(Myanmar) | တွဲဖက်ပါမောက္ခ |
၃ | ဒေါ်ခင်မာဆွေ | B.A(English),Dip.E.S.P | ကထိက |
၄ | ဒေါ်မာလာမိုး | M.Res (Maths) | ကထိက |
၅ | ဒေါ်ပပဝင်း | M.Res (Physics) | ကထိက |
၆ | ဒေါ်တင်တင်လှိုင် | M.Sc (Maths) | ကထိက |
၇ | ဒေါ်ခင်အေးနွယ် | M.Sc (Physics) | ကထိက |
၈ | ဒေါ်ခိုင်နွယ်မျိုးအောင် | M.A(English),A.G.T.I (Civil) | ကထိက |
၉ | ဒေါ်တင်နွယ်ဝင်း | M.Sc (Maths) | ကထိက |
၁၀ | ဒေါ်နွယ်နွယ်စိုး | M.Sc (Physics) | ကထိက |
၁၁ | ဒေါ်လဲ့လဲ့ဝင်း | M.A(English) | ကထိက |
၁၂ | ဒေါ်ခိုင်ငြိမ်းထွန်း | M.Sc (Maths) | ကထိက |
၁၃ | ဒေါ်စုစုတင် | M.Res (Chem) | ကထိက |
၁၄ | ဒေါ်ရင်ငြိမ်းဌေး | M.Sc (Maths) | ကထိက |
၁၅ | ဒေါ်လွင်မိုးဖြူ | M.A (ESP) | ကထိက |
၁၆ | ဒေါ်နှင်းရီအေး | M.Sc (Physics) | လ/ထကထိက |
၁၇ | ဒေါ်အင်ကြင်းခိုင် | M.A(English) | လ/ထကထိက |
၁၈ | ဒေါ်တိုးလွင်လွင် | M.Sc(Chem) | လ/ထကထိက |
၁၉ | ဒေါ်ဖြိုးသန္တာကျော် | M.Sc(Chem) | လ/ထကထိက |
၂၀ | ဒေါ်စုမာ | M.Sc (Maths) | လ/ထကထိက |
၂၁ | ဒေါ်နန်းမေသစ္စာ | B.A Myan ( Q ) | နည်းပြ |