ဖက်ရှင်နည်းပညာ

ဌာနမိတ်ဆက်စကား

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ်(နေပြည်တော်)၊  ဖက်ရှင်နည်းပညာဌာနတွင် ကာလတိုသင်တန်းဖြစ်သော အခြေခံမော်တာစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ သင်တန်းတွင် သင်တန်းသား အယောက် ၂၀ တက်ရောက်သင်ကြားနိုင်ပါသည်။ ဖက်ရှင်နည်းပညာဌာနသည် ဒေသဖွံဖြိုးတိုးတက်ရေးနှင့်လူမှု့စီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးရှိ အထည်ချုပ်စက်ရုံများတွင်  လိုအပ်လျှက်ရှိသော  အရည်အချင်းပြည့်ဝသည့် အထည်ချုပ်လုပ်သားများ ပေါ်ထွက်လာစေရန်အတွက် အထည်ချုပ်လုပ်ခြင်းနည်းပညာရပ်အမျိုးမျိုးကို စာတွေ့လက်တွေ့အနေဖြင့်  ကျွမ်းကျင်သော  ဆရာ/ဆရာမများဖြင့်  သေချာစွာ လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။