အစားအသောက်သိပ္ပံနှင့်နည်းပညာ

ဌာနမိတ်ဆက်စကား

အစားအသောက်သိပ္ပံနှင့်နည်းပညာဌာနကို အစိုးရနည်းပညာကောလိပ်(နေပြည်တော်)တွင် ၂၀၂၁ ခုနှစ် တွင်စတင်တည်ထောင်ခဲ့သည်။ Bachelor of Technology (၄)နှစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ပြီး ပထမနှစ်သင်တန်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ဌာနအနေဖြင့် စာတွေ့၊လက်တွေ့နှင့်လုပ်ငန်းခွင်လေ့လာခြင်းများကိုအသုံးပြုပြီး ထိထိရောက်ရောက် လေ့ကျင့် သင်ကြားပေးနိုင်ရန် ရည်မှန်းထားပါသည်။ အစားအသောက်ဆိုင်ရာနည်းပညာရှင်များ(Food Technologists)၊ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အတိုင်ပင်ခံပညာရှင်များ (Food Consultants)၊ စီးပွားရေးလုပ်ငန်းရှင်(Entrepreneurs) များကိုမွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။